ရွှေဘိုခရိုင်ရုံး (Community Centre) ခန်းမ၌ အခမ်းအနားမှူးသင်တန်း ဖွင့်လှစ်

​ရွှေဘို အောက်တိုဘာ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး ​ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် အခမ်းအနားမှူးသင်တန်းကို ယမန်​နေ့နံနက်ပိုင်းက စတင်၍ ပို့ချ ပေးလျက်ရှိကြောင်း သိရသည်။

သင်တန်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်​အေးမြမွန်က ဌာနများအလိုက် ကျင်းပပြုလုပ်မည့် အခမ်းအနားများတွင် အဆင်​ပြေ​ချော​မွေ့စွာ ​ဆောင်ရွက်နိုင်​စေရန် ရည်ရွယ်ပြီး ဖွင့်လှစ်ရခြင်းဖြစ်​ကြောင်း ရှင်းလင်း​ပြောကြားခဲ့ပြီးနောက် အခမ်းအနားမှူး MC တစ်ယောက်တွင် ရှိရမည့် အရည်အချင်းများ၊ ဝတ်စားဆင်ယင်မှု၊ မိုက်အသုံးပြုမှု၊ အသုံးအနှုန်း ဝေါဟာရများကို မှန်ကန်စွာသုံးစွဲခြင်း၊ ကြိုတင်ပြင်ဆင်မှု၏ အရေးပါပုံ၊ ဂရုပြုစရာ ဆောင်ရန်/ရှောင်ရန်နှင့် အကြံပြုချက်များ၊ အထောက်အကူပြု လက်တွေ့လေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်း စသည်တို့ကို ​ဆွေး​နွေးပို့ချ​ပေးခဲ့​​ကြောင်း သိရသည်။

အဆိုပါသင်တန်းသို့ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများမှ သင်တန်းသား/သူ (၂၂)ဦး တက်​ရောက်ခဲ့ပြီး သင်တန်းကာလမှာ  (၂၁.၁၀.၂၀၂၃)မှ (၂၃.၁၀.၂၀၂၃) အထိ  (၃)ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်