သနပ်ပင် အောက်တိုဘာ ၂၂
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်အတွင်းရှိ ငါးမွေးတောင်သူများနှင့် ရေလုပ်သားများအား အယ်နီညိုရာသီဥတု ဖြစ်ပေါ်မှုကြောင့် ငါးမွေးမြူရေးကဏ္ဍအပေါ် သက်ရောက်နိုင်မှုများအား ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က သနပ်ပင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ဒေါ်ဆွေဆွေဝင်းမှ အယ်နီညိုရာသီဥတု ဖြစ်ပေါ်မှုကြောင့် ငါးမွေးမြူရေးကဏ္ဍအပေါ် သက်ရောက်နိုင်မှုများအား ကြိုတင်ကာကွယ်နိုင်ရန် အချက်များ၊ ဖြစ်ပွားချိန်တွင် လုပ်ဆောင်ရမည့်အချက်များ ဖြစ်ပွားပြီးနောက် လုပ်ငန်းများ ပြန်လည်ထူထောင်ခြင်းတို့အား အသိပညာပေး ဟောပြောခဲ့ပြီး ငါးကန်များသို့ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲသို့ ငါးမွေးတောင်သူများနှင့် ရေလုပ်သားများစုစုပေါင်း (၄၅ )ဦး တက်ရောက် ခဲ့ကြောင်း သိရသည်။
လှမိုး(ပြန်/ဆက်)