ကြံခင်း အောက်တိုဘာ ၂၁
ရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နေ့လယ်ပိုင်းက စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့နှင့် Woman Club အဖွဲ့တို့ ပူးပေါင်းပြီး စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသော ‟ အောင်ပွဲခံသူဖြစ်ပါစေ”စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ကြသည်။
စာဖတ်ဝိုင်းကျင်းပခြင်းဖြင့် အသိပညာဗဟုသုတတိုးပွားစေပြီး စာပေမှရရှိသော မှတ်သားလေ့လာထားသည်များကို အပြန်အလှန်ပူးပေါင်းဆွေးနွေးတတ်စေရန် ရည်ရွယ်ကျင်းပကြောင်း မြို့နယ်ဦးစီးအရာရှိဒေါ်ခင်မိုးမြင့်က ရှင်းလင်းပြောကြားသည်။
ထို့နောက် စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့ဥက္ကဋ္ဌ ဦးအေးမြင့်အောင်(မိုးမြေသစ္စာ)က စာရေးဆရာ ချစ်နိုင်စိတ်ပညာရေးသားသော "အောင်ပွဲခံသူဖြစ်ပါစေ” စာအုပ်မှ လူ့ဘဝတွင် တွေ့ကြုံ ဆုံလာသမျှ ဒုက္ခအခက်အခဲများသည် ဘဝရဲ့တိုက်ပွဲ၊ သဘာဝလက္ခဏာများဖြစ်သလို အောင်မြင်အောင် ကျော်ဖြတ်အောင်ပွဲခံနိုင်သူများဖြစ်အောင် ကြိုးစားကြဖို့ တိုက်တွန်းရေးသားထားသော စာအုပ်ပါကြောင်းအရာများအား ဦးဆောင်ဆွေးနွေးပြီး၊ တက်ရောက်လာကြသော စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့ဝင် ဦးခင်လွင်က "စွမ်းဆောင်ရည်မြှင့်စေသည့် အခြေခံအချက်များ" ခေါင်းစဉ်နှင့် Woman Club အဖွဲ့ဝင် ဒေါ်ခင်သန်းနွဲ့က " တကယ်တော့ဘဝဆိုတာ" ခေါင်းစဉ်ပါအကြောင်းအရာများအား အသီးသီးဆွေးနွေးကြရာအဖွဲ့ဝင်များက အဆိုပါဆွေးနွေးချက်များအပေါ် မိမိတို့၏ သဘောထားအမြင်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ကြံခင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်ရှိ (Community Centre) ခန်းမတွင် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်ပြီး (Talk Show) အစီအစဉ်များ၊ ဟောပြောပွဲများ၊ စာပေဆွေးနွေးပွဲများ၊ စာအုပ်စာစောင်ပြပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)