ကလေးဝ အောက်တိုဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့ ရွှေမုဌောစေတီအနီး ဆိပ်ကမ်းတွင် ကုန်တင်ကုန်ချပြုလုပ်သည့် မော်တော်ယာဥ်များ အဆင်ပြေစွာ ရပ်နားနိုင်ရေးအတွက် ယာဥ်ရပ်နားကွင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
အဆိုပါဆိပ်ကမ်းသည် ချင်းတွင်းမြစ်ကြောင်းမှ သယ်ယူလာသော ကုန်စည်များအား ကလေးမြို့၊ တမူးမြို့နှင့် ချင်းပြည်နယ်သို့ မော်တော်ယာဥ်များဖြင့် တဆင့်သယ်ယူရာတွင် အဓိကကျသော ဆိပ်ကမ်းဖြစ်သည်။
အဆိုပါ မော်တော်ယာဥ်ရပ်နားကွင်းကို မြို့မိမြို့ဖများ၊ မော်တော်ယာဥ်ပိုင်ရှင်များနှင့် ရေယာဥ်ပိုင်ရှင်များ၏ ထည့်ဝင်လှူဒါန်းငွေ ကျပ်(၁၅၀)သိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)