ကလေးဝ အောက်တိုဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်ချက်ဖြင့် ကလေးဝမြို့တွင် ပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရန် တန်ဖိုးသင့် အခြေခံစားသောက်ကုန်များကိုအပတ်စဥ် စနေနေ့တိုင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အမှတ်(၁)ရပ်ကွက်ရှိ ဈေးကလေးအနီးတွင် ရောင်းချပေးခဲ့သည်။
အဆိုပါစားသောက်ကုန်ပစ္စည်းများရောင်းချရာတွင် ဆန်တစ်ပြည်၊ ဆီတစ်ဆယ်သားနှင့်ကြက်ဥနှစ်လုံးပါဝင်သော အထုပ်တစ်ထုပ်ကို ဒေသပေါက်ဈေးထက်(၁၀) ရာခိုင်နှုန်းလျော့၍ တစ်ထုပ်လျှင် ငွေကျပ် ၆၂၁၀ ကျပ်ဖြင့် အထုပ်ရေ ၃၀၀ အားရောင်းချပေးခဲ့ကြောင်း အပြင်ပေါက်စျေးထက်များစွာသက်သာသဖြင့် ဝယ်ယူလိုသောသူများသောကြောင့် တိုကင်စနစ်ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်