ရေတာရှည်မြို့နယ် ရွှေပညာမြေကိုယ်ပိုင်ကျောင်း ၌ လူငယ်စကားဝိုင်းကျင်းပ

ရေတာရှည်   အောက်တိုဘာ  ၂၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် လူငယ်များဗလငါးတန်နှင့် ပြည့်စုံစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနနှင့် ရွှေပညာမြေ ကိုယ်ပိုင်ကျောင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းအား အောက်တိုဘာလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီအချိန် က အမှတ်(၁)ရပ်ကွက်ရှိ ရွှေပညာမြေကိုယ်ပိုင်ကျောင်း၌ ကျင်းပပြု လုပ်ခဲ့သည်။

ရှေးဦးစွာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီး အရာရှိ ဒေါ်အေးဆုစံက လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကို ကျင်းပပြုလုပ်ခဲ့ရာ Moderator အဖြစ်  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှမြို့နယ်ဦးစီးအရာရှိ ဒေါ်အေးဆုစံက ဆောင်ရွက်ခဲ့ပြီး Grade -12 ကျောင်းသား မောင်ပိုင်သူထွေးက "လူငယ်များအတွက်တွန်းအား"ခေါင်း စဉ်ဖြင့်လည်းကောင်း၊ Grade -11 ကျောင်းသူ မနှင်းအိဖြူက "လူငယ်နှင့် စာနာမှု " ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade -11 ကျောင်းသူ မအိငြိမ်းခင် ခင်ကျော်က "လူငယ်နှင့်ခေါင်းဆောင်မှု စိတ်ဓါတ်"ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade-11 ကျောင်းသား မောင်အာကာ ပြည့်စုံက "လူငယ်များနှင့်အချိန်" ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေး ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက် လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များ မေးမြန်း ဆွေးနွေးရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကြကြောင်းသိရသည်။

ရေတာရှည်(ပြန်/ဆက်)