လက်ပံတန်း အောက်တိုဘာ ၂၁
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့တွင် မြို့နယ်လူမှုဖူလုံရေးတွင် အကျုုံးဝင်မှတ်ပုံတင်ထားသောမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အာမခံအလုပ်သမား ဦးအောင်မိုး၏ လုပ်ငန်းခွင်ပြင်ပထိခိုက် သေဆုံးမှုအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့် ထုတ်ပေးခြင်းကို ယနေ့ မွန်းလွဲပိုင်းက မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးလူမှုဖူလုံရေးအဖွဲ့ တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးဝင်း က ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေပါအကျိုးခံစားခွင့်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး လက်ပံတန်းမြို့နယ် လူမှုဖူလုံရေးတွင် အကျုုံးဝင်မှတ်ပုံတင်ထားသော မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အာမခံအလုပ်သမား ဦးအောင်မိုး၏ လုပ်ငန်းခွင်ပြင်ပ ထိခိုက်သေဆုံးမှုအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့် ငွေကျပ် ၁၃၇၅၀၀၀၀/ ကို အစ်မဖြစ်သူ ဒေါ်ဖြူထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)