မြင်းမူ အောက်တိုဘာ ၂၁
စာဖတ်သူတိုးပွားရေးနှင့် စာဖတ်ရှုသူအချင်းချင်းတွေ့ဆုံကာ စာပေအသိခြင်းဖလှယ်ရန်အတွက် စုပေါင်းစာဖတ်ဝိုင်းနှင့်စာအုပ်ပြပွဲကို မြင်းမူမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည့်သူ့စာကြည်တိုက်ခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယမြို့နယ်ဦးစီးမှုး ဒေါ်မြင့်မြင့်မိုးက စာဖတ်ဝိုင်းများနှင့်စာအုပ်ပြပွဲများ အသိပညာပေးဆွေးနွေးပွဲ (TalkShow) များ ပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။
ထို့နောက် စာပေဝါသနာရှင်စာဖတ်သူများက ပြန်/ဆက်ဦးစီးဌာနကထုတ်ဝေသည့် ဒို့ကျေးရွာစိုက်ပျိုးရေးနည်းလမ်းကောင်းစာအုပ်တွင်ပါရှိသော ဈေးကွက်ဝင် မြန်မာ့စိန်တလုံးသရက်ဈေးကွက်နှင့် အရည်အသွေးရေရှည်တည်တံ့ရေး ခေါင်းစဉ်တွင်ပါရှိသည့် မြန်မာနိုင်ငံတွင် ဗုဒ္ဓဘုရားပေးခဲ့သော အမွေဖြစ်သည့် စိန်တလုံးသရက်ကို အရည်အသွေး တိုးတက်ကောင်းမွန်အောင်သုတေသနပြုလုပ်ကာ ထိန်းသိမ်းစောင့်ရှောက်ရန်လုပ်ဆောင် နေသကဲ့သို့ မိမိတို့စိုက်ပျိုးသူများအနေဖြင့်လည်း မျိူးကွဲသရက်မျိုးကိုသတိထား စိုက်ပျိုး ရန်လိုအပ်မှုများနှင့် ပတ်သက်၍ စာပေဝါသနာရှင်များက ဖတ်ကြားဆွေးနွေးခဲ့ကြသည်။
ယင်းနောက် စာကြည့်တိုက်တွင်ယခုလအတွင်းအသစ်ရောက်ရှိသည့်သုတ/ရသစာအုပ် (၈၀)ကျော်အား ခင်းကျင်းပြသထားရာ စာပေအမြည်းအဖြစ် ဖတ်ရှု့လေ့လာခဲ့ကြသည်။ မြင်းမူမြို့ပြန်ဆက်ဦးစီးဌာနရုံး၊ ပြည်သူ့စာကြည့်တိုက်တွင် အသိပညာပေးလုပ်ငန်းများ အဖြစ် စာဖတ်ဝိုင်းများ၊ စာအုပ်ပြပွဲများ၊ အသိပညာပေး(Talk Show) များကို အပတ်စဉ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိသည်။
အောင်စိုးဖေ (မြင်းမူ)