ကလေးခရိုင်လူထုအခြေပြုဗဟိုဌာနတွင် (Book Club)စာပေမြတ်နိုးသူများဖြင့် စာဖတ်ဝိုင်း ကျင်းပ

ကလေး အောက်တိုဘာ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ (Book Club)စာပေမြတ်နိုးသူများမှ စာရေးဆရာနတ်သျှင်(ရွှေဂူ)၏ လူငယ်များကိုပျိုးထောင်ပေးပါ  စာအုပ်ပါခေါင်းစဉ်များဖြင့် စာဖတ်ဝိုင်းကို ယနေ့ မွန်းလွဲ ၁နာရီခွဲ အချိန်က  ကျင်းပခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ကလေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းမင်းအောင်က  စာဖတ်ဝိုင်းတက်ရောက်လာသူများအား စာဖတ်ဝိုင်းပြုလုပ် ကျင်းပခြင်း၏ ရည်ရွယ်ချက်များကို ဦးစွာဆွေးနွေး ပြောကြားခဲ့သည်။

ဆက်လက်၍ ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ Book Club အဖွဲ့ဝင် စာပေဝါသနာရှင် ဦးဝင်းသိန်း စာရေး ဆရာနတ်သျှင်(ရွှေဂူ)၏ လူငယ်များကို ပျိုးထောင်ပေးပါ စာအုပ်မှ လူငယ်နှင့်ရွှေရောင်အနာဂတ်ဆီသို့၊ လူငယ်နှင့်မျိုးဆက်အမွေ၊ လူငယ်နှင့်အပေါင်း အသင်း၊ လူငယ်နှင့်အချိန်၏တန်ဖိုး စသည့်ခေါင်းစဉ်များကို အကျယ်တဝင့် ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် မဝေဝေဦးနှင့် ကိုလန်ထွန်းကိမ်းတို့က ပြန်လည်ဆွေးနွေးခဲ့ကြသည်။

ကလေးခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ပြည်သူများအသိဉာဏ်ပညာ ဗဟုသုတများ တိုးပွားလာစေရန်အတွက် ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ (Book Club)စာပေမြတ်သူနိုးသူများဖြင့် စာဖတ်ဝိုင်းနှင့် အသိပညာပေးဆွေးနွေးများကို အပတ်စဉ်ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)