ထီးချိုင့် အောက်တိုဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့တွင် တိုင်းရင်းဆေးရုံမှ ဟောပြောပွဲနှင့် ကွင်းဆင်းဆေးကုသခြင်းဆောင်ရွက်ခြင်းကို ယမန်နေ့က မစိုးရိမ်ဘုန်းတော်ကြီးသင်စာသင်ကျောင်းသို့ တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်ကုသပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် တိုင်းရင်းဆေးရုံမှ ဆေးရုံအုပ်ဒေါ်မြမြစိုးက တိုင်းရင်းဆေးသုတေသနဦးစီးဌာနမှ ဆေးဝါးထုတ်လုပ်မှုများကို စစ်ဆေးကြပ်မတ်လျက်ရှိကြောင်း၊ ထုတ်လုပ်မှုများခေတ်မီလာပြီး ယုံကြည်စိတ်ချရသည်နှင့်အညီ တိုင်းရင်းဆေးသုံးစွဲမှု များပြားလာသည်သာမက ပြည်ပနိုင်ငံများသို့ပါ တင်ပို့ရောင်းချလျက်ရှိမှုများ၊ မိမိတို့တိုင်းရင်း ဆေးရုံတွင်လည်း လူမျိုး/ဘာသာမရွေးကို ဆေးဝါးများကုသပေးလျက်ရှိကြောင်း၊ အဓိကရောဂါ များဖြစ်သည့် နာတာရှည်ရောဂါများဖြစ်သော လေငန်း/ထုံနာ/ကျင်နာရောဂါသည်များ စသည့် အထွေထွေရောဂါများကိုလည်း ကုသပေးလျက်ရှိပါကြောင်း အသိပညာပေးဟောပြောခဲ့ပြီး ရဟန်းသံဃာများနှင့် ကျောင်းသား၊ကျောင်းသူများ၊ ဆရာ၊ဆရာမများအားတိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်ကုသပေးခဲ့ကြောင်း သိရသည်။
ရဲလင်းထွန်း (ထီးချိုင့်)