ဖြူးမြို့နယ်၊ ထန်းကုန်းကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းချေးငွေ(၉)ကြိမ်မြောက် ထုတ်ချေး

ဖြူး  အောက်တိုဘာ   ၂၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အမဲခေါင်ကျေးရွာအုပ်စု၊ ထန်းကုန်းကျေးရွာသို့ ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်၊ မြစိမ်းရောင်စီမံကိန်း ချေးငွေ  (၉)ကြိမ်မြောက် ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းက ကျေးရွာမြနန်းတော်မြို့ ဦးကျောင်းတိုက်တွင်  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြစိမ်းရောင်ကျေးရွာစီမံကိန်းချေးငွေထုတ်ချေးရာတွင်  မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးကျော်မျိုးအောင်က မြစိမ်းရောင်ကျေးရွာစီမံကိန်းချေးငွေ ထုတ်ချေးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ အမဲခေါင်ကျေးရွာအုပ်စု၊ ထန်းကုန်းကျေးရွာရှိ မြစိမ်းရောင်စီမံကိန်း အသင်းသား (၁၅၁)ဦးထံသို့ စုစုပေါင်းချေးငွေကျပ်(၆၀၇.၅)သိန်းအား ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)