တောင်တွင်းကြီး အောက်တိုဘာ ၂၁
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်၊ ဝါးခြမ်းကာကျေးရွာအုပ်စုရှိ တောင်သူ ဦးတင်စိုး၏ ကွင်းအမှတ် ၁၉၉၉(က)၊ ဦးပိုင်အမှတ်(၄/၂)ရှိ တစ်ဧကစိုက်ခင်းတွင် ယမန်နေ့က ဆင်းသုခမိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို ဆောင်ရွက်ခဲ့သည်။
အဆိုပါမိုးစပါးစံကွက်ရိတ်သိမ်းရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဇင်ဦး၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး သက်ခိုင်ထွန်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မျိုးအေးနှင့်ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ တောင်သူများက ပူးပေါင်းပါဝင် ရိတ်သိမ်းကြရာ ဆင်းသုခ စပါး တစ်ဧကစံကွက်အစိုအထွက်နှုန်း (၁၁၁ ဒသမ ၉ ) တင်းနှင့် အခြောက် အထွက်နှုန်း (၁၀၁ ဒသမ ၁) တင်း ထွက်ရှိကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)