နတ်မောက် အောက်တိုဘာ ၂၁
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်လမ်းညွှန်မှုဖြင့် နတ်မောက်မြို့နယ်အတွင်း တရားမဝင်ကုန်သွယ်မှုနှင့် တရားမဝင်လုပ်ငန်းများဆောင်ရွက်မှုမရှိစေရေး ယမန်နေ့နံနက်ပိုင်းက မြို့၏အဝင်/အထွက် ဂိတ်များတွင် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့၊ မြို့နယ်ပုဂ္ဂလိက မော်တော်ယာဉ်လိုင်းများကြီးကြပ်မှုကော်မတီ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူပူးပေါင်း၍ မြို့အဝင်/အထွက် စစ်ဆေးရေးဂိတ်များ၌ မော်တော်ယာဉ်များပေါ်တွင် ကန့်သတ်ကုန်ပစ္စည်းများ၊ အကောက်ခွန်မဲ့ကုန်ပစ္စည်းများနှင့် ပေါက်ကွဲစေတတ်သည့်ကန့်သတ်ပစ္စည်းများသာမက ဓာတုကုန်ကြမ်းပစ္စည်းများ၊ မူးယစ်ဆေးဝါးများစသည့် တားမြစ်ကန့်သတ်ကုန်ပစ္စည်းများ သယ်ဆောင်ဖြတ်သန်းမှုမရှိစေရေး၊ မော်တော်ယာဉ်များပေါ်တွင် စစ်ဆေးခြင်းနှင့်သတ်မှတ်စာရွက်စာတမ်းများ မှန်ကန်မှုရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လှဝင်း