ပြည်မြို့သန့်ရှင်းသာယာလှပရေးဆောင်ရွက်နေမှုအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းကြည့်ရှုအားပေး

ပြည် အောက်တိုဘာ ၂၁

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)မှ ဒေသကွပ်ကဲရေးမှူး၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပြည်မြို့သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးသည်။

စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာများ၊ အရပ်ဖက်ပရဟိတလူမှုအဖွဲ့အစည်းများ၊ နယ်မြေခံတပ်ရင်း/တပ်ဖွဲ့များမှတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များနှင့် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ကြသည်။

၎င်းပူးပေါင်းအဖွဲ့များက ပြည်မြို့ခုတင် ၅၀၀ဆံ့ ပြည်သူ့ဆေးရုံကြီး၊ ပြည်ရွှေဆံတော်ဘုရား၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းနှင့် သုဒ္ဒဿနရာမဘုန်းတော်ကြီးကျောင်းတို့၌ မြို့ရွာသန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြပြီး ယင်းဆောင်ရွက်မှု‌  နေရာများသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က လိုက်လံကြည့်ရှုအားပေးကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)