မုံရွာမြို့ ကန်သာယာပြည်‌ထောင်စုဈေးသစ်ကြီး၌ ရပ်ကွက်နေပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ပြင်ပပေါက်စျေးထက် လျှော့ချရောင်းပေး

မုံရွာ အောက်တိုဘာ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှု၊ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် မုံရွာမြို့၌ ရပ်ကွက်နေပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ပြင်ပပေါက်စျေးထက် လျှော့ချရောင်းပေးခြင်းတို့ကို ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၏ ကြီးကြပ်မှုဖြင့် ယနေ့နံနက် ၇ နာရီက မုံရွာမြို့ ကန်သာယာပြည်ထောင်စုဈေးသစ်ကြီးနှင့် ရပ်ကွက်များတွင် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့အခြေခံစားသောက်ကုန်များရောင်းချပေးရာတွင် ပြည်သူများ သက်သာသောနှုန်းဖြင့် ဝယ်ယူနိုင်စေရန် လူတစ်ဦးလျှင် စားသုံးဆီ တစ်ပိဿာ ကို ၄၇၀၀ ကျပ်၊ ဆန်တစ်ပြည် ကို  ၂၈၀၀ ကျပ်၊ ကြက်သားတစ်ပိဿာ ၇၈၀၀ ကျပ်၊ ကြက်ဥ(၅)လုံး ၁၀၀၀ ကျပ်၊ ငုံးဥ(၁၈)လုံး ၁၀၀၀ကျပ်ဖြင့်လည်းကောင်း၊ အခြားမုန့်ခြောက်/စိုတို့ကိုလည်း သက်ဆိုင်ရာဌာန ဆိုင်ရာအဖွဲ့အစည်းများ၏ ကြီးကြပ်မှုဖြင့် ပြည်သူများလက်ဝယ်အရောက် စုစုပေါင်း ဆန် ၇၂၀ ပြည်၊ ဆီ ၁၀၀၀ပိဿာ၊ ကြက်သား ၂၈၀ ပိဿာ၊ ကြက်ဥ ၂၀၀၀ လုံး၊ ငုံးဥ ၂၇၀၀ လုံးတို့ကို ရောင်းချပေးခဲ့သည်။ မုံရွာမြို့တွင် စားသုံးဆီ ၁ ပိဿာလျှင် ပြင်ပပေါက်စျေးမှာ ကျပ် ၁၁၀၀၀/၁၂၀၀၀ ဖြစ်ပြီး ယခုရောင်းချပေးရာတွင် ၁ ပိဿာလျှင် ၄၀၀ ကျပ်နှုန်းဖြစ်၍ ပြင်ပထက် ထက်ဝက်သက်သာသည့်အတွက် လာရောက်ဝယ်ယူခြင်းဖြစ်ကြောင်း ရပ်ကွက်နေ ပြည်သူတစ်ဦးကပြောသည်။

ခရိုင်(ပြန်/ဆက်)