မအူပင် အောက်တိုဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ရေးသူဖတ်သူဆွေးနွေးပွဲစာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်သည်။
ရှေ့ဦးစွာ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ခင်သန္တာထွေးက ရေးသူဖတ်သူဆွေးနွေးပွဲစာဖတ်ဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအားရှင်းလင်းပြောကြားပြီး စာရေးဆရာဦးခင်ဇော်ဝင်း(ခက်ဇော်-ကဗျာ)မှ သီတင်းကျွတ်ကဗျာအားလည်းကောင်း၊ ဆရာကြီးဦးစိုးမှ အသက်ရှည်လိုသော် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆရာကြီးဦးဘိုထွေးမှ လူဖြစ်ရခြင်း၏ အဓိကရည်ရွယ်ချက်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆရာကြီးဦးကျော်ဦးမှ ကံကြမ္မာကိုဖန်တီးသူများ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆရာကြီးဦးပိုက်မှ စာဖတ်သူများ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ခင်သန္တာထွေး(မှုံနံ့သာခင်)မှ ဘဝတံခါးကဗျာနှင့် မရှက်ပါနဲ့ ကဗျာအားလည်းကောင်း ဖတ်ရှု့ဆွေးနွေးခဲ့ကြသည်။ ၎င်းနောက်တက်ရောက်လာသူများက သိရှိလိုသည်များအား အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။
အဆိုပါရေသူဖတ်သူဆွေးနွေးပွဲစာဖတ်ဝိုင်းသို့ စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များ၊ အမျိုးသမီးများအသင်း (Woman Club)အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များနှင့် ဝန်ထမ်းများတက်ရောက်ခဲ့ကြပြီး ပြသထားသည့် စာအုပ်စာစောင်များအားစိတ်ပါဝင်စားစွာကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)