ရေနံချောင်း အောက်တိုဘာ ၂၁
မကွေးတိုင်းဒေသကြီး ချောက်ခရိုင်ရေနံချောင်းမြို့နယ်၌ ခရိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ကျော်ကျော်လင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဝက်လွတ်ကျေးရွာအုပ်စု ဝက်လွတ်တိုက် နယ်ဆေးရုံနှင့် အ.ထ.က(ဝက်လွတ်)ကျောင်းအတွင်း ကျောင်းဆောင်သစ်ဆောက် လုပ်နေမှုတို့ကို ယမန်နေ့နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ချောက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးအေးမင်းထွန်း၊ ခရိုင်ပညာရေးမှူး ဦးမန်းအောင်နှင့် ရေနံချောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည် သူ့ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ကျော်လင်းနှင့် ဌာနဆိုင်ရာတာ ဝန်ရှိသူများက အ.ထ.က(ဝက်လွတ်)ကျောင်း အတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပညာရေးဌာနခွင့် ပြုရန်ပုံငွေ ကျပ်သန်း ၁၄၅.၅၃၈ ဖြင့် ပေ ၁၂၀၊ ပေ ၃၀ ကျောင်းဆောင်သစ်ဆောက်လုပ်နေမှုကို လုပ်ငန်းများအချိန်မီပြီးစီးရေး၊ အရည်အသွေးကောင်းမွန်ရေးတို့ကို လည်းကောင်း၊ ဝက်လွတ်တိုက် နယ်ဆေးရုံဝန်းအတွင်း သန့်ရှင်းသာယာလှပရေးတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် တာဝန်ရှိသူများသည်။ ဝက်လွတ်ရွာသစ်ကျေးရွာရှိ တောင်သူများနှင့် တွေ့ဆုံကာ စာရေရိက္ခာ ဖူလုံပိုလျှံစေရေး ရာသီဥတုနှင့်ကိုက်ညီသည့် သီးနှံများကို အထွက်နှုန်းကောင်းမွန်စေရန် စနစ်တကျစိုက်ပျိုးကြဖို့ အသိပညာပေးဟောပြောကာ မြေနုကျွန်းပေါ်ထွန်းနေသည့် လမ်းကူးကွင်း အမှတ်(၆၁-ဂ)ကို ကွင်းဆင်းကြည့်ရှုခဲ့ ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်