အမာမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

အမာ အောက်တိုဘာ  ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း (Book Club) အဖွဲ့နှင့် ပူးပေါင်း၍ စာပေကို မြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာ စေရန် ရည်ရွယ်၍ ယမန်နေ့နံနက် (၁၁)နာရီအချိန်က စာဖတ်ဝိုင်း ပြုလုပ် ဆောင်ရွက်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းပြုလုပ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်သံ ကျွမ်းကျင်-၃ ဒေါ်လှယဉ်သိန်းက  စာရေးဆရာ‌ လယ်တွင်းသားစောချစ် ရေးသားထားသည့်  ''ကောင်းစွာပြောဆိုနိုင်ပါ‌စေစာအုပ်တွင်ပါရှိသော လူတိုင်းနေ့စဉ်စကားပြောနေကြရ ကြောင်း၊ စကားပြောခြင်းသည် လူတစ်ဦးနှင့် တစ်ဦးဆက်ဆံရာတွင် အလွယ်ကူဆုံး၊ အထိ ရောက်ဆုံးဆက်သွယ်နည်းနှင့် အသုံးအများဆုံးသော ဆက်သွယ်နည်းဖြစ်သဖြင့် စကားပြော ခြင်းသည် လူတိုင်းအတွက်အရေးကြီးသော ကိစ္စဖြစ်ကြောင်း၊ စကားပြောတတ်ရန်မှာလည်း အရေးကြီးသော လိုအပ်ချက်ဖြစ်ကြောင်းတို့ကို သာဓကများဖြင့် ဦးဆောင်ဖတ်ကြားဆွေးနွေး ခဲ့ပြီး စာဖတ်ဝိုင်း တက်ရောက်လာကြသော စာအုပ်စာစောင် ချစ်မြတ်နိုးသူများ၊ စာပေဝါသနာ ရှင်များကလည်း မိမိတို့စိတ်ကြိုက် ဗဟုသုတရစေမည့် ဆောင်းပါးများကို ပြန်လည်ဆွေးနွေး ခဲ့ကြကြောင်းသိရသည်။

အမာ(ပြန်/ဆက်)