ရွှေဘိုသူနာပြုသင်တန်း​ကျောင်းတွင် ဗလငါးတန်ဖွံ့ဖြိုး​ရေး လူငယ်စကားဝိုင်းကျင်းပ

​ရွှေဘို ​အောက်တိုဘာ ၂၀

နိုင်ငံ့သားကောင်းရတနာများဖြစ်သည့် လူငယ်လူရွယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး ဗလငါးတန်နှင့် ပြည့်စုံစေရန်၊ ကျောင်းသား/ ကျောင်းသူများ အနေဖြင့် ကျောင်းစာပြင်ပ စာပေဗဟုသုတများ ကြွယ်ဝလာစေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်လာနိုင်​စေရေး ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ​​ရွှေဘိုသူနာပြုသင်တန်း​ကျောင်းတို့ ပူးပေါင်း၍ လူငယ်များဗလငါးတန် ဖွံ့ဖြိုး​ရေးလူငယ်စကားဝိုင်းကို ယနေ့ နံနက် (၁၀)နာရီအချိန်က ​ရွှေဘိုသူနာပြုသင်တန်း​ကျောင်း သ​ပြေညို ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

​​ရှေးဦးစွာ ရွှေဘိုသူနာပြုသင်တန်း​ကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ​ဒေါ်​ကေသွယ်မိုးက အဖွင့်အမှာစကား​ပြောကြားခဲ့ပြီး ခရိုင်ပြန်ကြား​ရေးနှင့် ပြည်သူဆက်ဆံ​ရေးဦးစီးဌာန လက်​ထောက်ညွှန်ကြား​ရေးမှူး ​ဒေါ်​အေးမြမွန်က ဗလငါးတန်ဖွံ့ဖြိုး​ရေး လူငယ်စကားဝိုင်းများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို​​ ပြောကြားခဲ့သည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ  ဦးဆောင်ဆွေးနွေးသူအဖြစ် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်​အေးမြင့်စန်းက ဆောင်ရွက်ကာ ​မစုမြတ်နိုင် (ပထမနှစ် အကြီးတန်း) က လူငယ်နှင့် ​ဉာဏဗလ၊​ မောင်ဇင်ကိုပိုင်(ဒုတိယနှစ်)က လူငယ်နှင့်​ဘောဂဗလ၊​ မယဥ်ယဥ်ထွန်း (ပထမနှစ်အငယ်တန်း)က လူငယ်နှင့် ကာယဗလ၊ မနန္ဒဖြိုး (ပထမနှစ်အငယ်တန်း)က လူငယ်နှင့် စာရိတ္တဗလ၊​​ စောနိုဘယ်လ်ထူး (ပထမနှစ်အငယ်တန်း)က လူငယ်နှင့် ​​မိတ္တဗလ၊​ စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြပြီး​ အခမ်းအနားသို့ တက်ရောက် လာကြသူများက သိရှိလိုသည်များ မေးမြန်းခဲ့ရာ လူငယ်စကားဝိုင်းတွင် ဆွေးနွေးကြသည့် ကျောင်းသား/ကျောင်းသူများ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရ သည်။

ခရိုင်ပြန်/ဆက်