လိပ်သိုမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး မြို့ပေါ်/ရပ်ကွက်များသို့ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး

လိပ်သို    အောက်တိုဘာ   ၂၀

လိပ်သိုမြို့တွင် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများစာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိရေး၊ စာပေမှရရှိသည့်ဗဟုသုတများ တိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့်  စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက်မငှားရမ်းနိုင်သော ဒေသနေပြည်သူများနှင့် ဝန်ထမ်းများအား စာအုပ်စောင်များကို Mobile စနစ်ဖြင့် စဉ်ဆက်မပြတ်ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက  အမှတ်(၂) ရပ်ကွက်တွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ Mobile စာငှားအဖွဲ့တွင် သုတစာအုပ်များ၊ ဝတ္တု၊ မဂ္ဂဇင်းစာအုပ်များနှင့်  ကလေးများအတွက် ပုံပြင်၊ ရုပ်ပြစာအုပ်များ စုံလင်စွာပါရှိပြီး ရပ်ကွက်နေပြည်သူများ အိမ်အရောက် ငှားရမ်းပေးခြင်းဖြစ်ကာ ရက်သတ္တပတ်ပြည့်မြောက်ပါက စာအုပ်စာစောင်အသစ်များဖြင့် အစားထိုး လဲလှယ်ငှားရမ်းပေးသွားမည်ဖြစ်သည်။

ခင်လေးနွယ် (လိပ်သို)