ပိုင်ကျုံ အောက်တိုဘာ ၂၀
ကရင်ပြည်နယ်၊ ဘားအံမြို့၌ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်တွင် ကျရောက်မည့် (၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ကရင်ရိုးရာဒုံးအကပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး အတွက် ပိုင်ကျုံမြို့၊ အမှတ်(၅)ရပ်ကွက်၌ ဒုံးအကအစမ်းလေ့ကျင့်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဒုံးအကအစမ်းလေ့ကျင့်မှုတွင် အဆင်ပြေစွာဆောင်ရွက်နိုင်ရေးအတွက် ပိုင်ကျုံမြို့နယ်အတွင်းရှိ ဘုန်းတော် ကြီးကျောင်းများမှဆရာတော်များ၊ ဒေသအတွင်းရှိအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်စာရေးဝန်ထမ်းများတို့မှ အလိုက်ကျကြီးကြပ်လျက်ရှိပြီး အကလေ့ကျင်မှုကို အောက်တိုဘာလ ၁၂ ရက်မှ နိုဝင်ဘာလ ၃ ရက်အထိ လေ့ကျင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ကရင်ရိုးရာဒုံးအကပြိုင်ပွဲတွင် ပိုင်ကျုံမြို့ကိုယ်စားပြုဒုံးအဖွဲ့အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့်လူငယ်မောင်မယ်များ လိုအပ်သည့်စားဝတ်နေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုတို့ကို ပြိုင်ပွဲဖြစ်မြောက်ရေးအဖွဲ့မှတာဝန်ရှိသူတို့က ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နော်ခူးခူး