ကောလင်းမြို့၌ စာဖတ်ဝိုင်း ပြုလုပ်

ကောလင်း အောက်တိုဘာ ၂၀

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ပေးပို့သည့် “လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ကောလင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်းတို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်သည်။

ရှေးဦးစွာ ကောလင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မိုးခက်က စာအုပ်တစ်အုပ်မှ ရရှိသော အသိပညာဗဟုသုတ အတွေးအမြင်များကို တစ်ဦးနှင့် တစ်ဦးမျှဝေနိုင်စေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှု ပိုမိုရရှိပြီး စာအုပ်စာပေကောင်းများကို လေ့လာရှာမှီးတတ်စေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်း ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသော စာအုပ်စာစောင်ချစ်မြတ်နိုးသူ (Book Club) အသင်းအဖွဲ့ဝင် များက စာရေးဆရာ ဒေါက်တာခင်မောင်ညို ရေးသားသည့် “လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း”စာအုပ်မှ အောင်မြင်ခြင်းအတွက် တည်ဆောက်ယူခြင်း၊ လူငယ်နှင့် စူးစမ်းလေ့လာမှုများ၊ အသုံးကျခြင်းနှင့် နှလုံးလှခြင်း၊ ပညာရေးအစ…စာအုပ်များဖြင့် အစပြုပါ၊ လူငယ်နှင့်အမြင်၊ လူငယ်နှင့် အကောင်းဆုံး သောဘဝကိုတည်ဆောက်ခြင်း စသည့်ခေါင်းစဉ်များဖြင့် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)