ကလေးခရိုင် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ

ကလေး အောက်တိုဘာ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာရေးဆရာ ဒေါက်တာခင်မောင်ညို ရေးသားသည့် လူငယ်နှင့်အကောင်းဆုံးဘဝကိုတည်ဆောက်ခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က  ကျင်းပခဲ့ကြောင်း သိရသည်။ 

အဆိုပါဆွေးနွေးပွဲတွင် ဒေါ်ဟွဲလွန်းမန်းက အောင်မြင်ဖို့တည်ဆောက်ခြင်းနှင့်အမြင်များ၊ အောင်မြင်ခြင်းအတွက် တည်ဆောက်ယူခြင်း စသည့် ခေါင်းစဉ်ပါ အကြောင်းအရာများကို  ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများမှ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ကလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် အသိပညာပေး စာဖတ်ဝိုင်းများအပြင် ဌာဆိုင်ရာမှ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲများကို အပတ်စဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)