သနပ်ပင် အောက်တိုဘာ ၂၀
ပဲခူးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခေတ်မီစံပြကျေးရွာများရှိ ကျေးလက်နေပြည်သူများ၏ ဝင်ငွေတိုးရေး၊ အမျိုးသမီးများ အိုမကွာအိမ်မကွာဖြင့် ဝင်ငွေရှာဖွေနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက သနပ်ပင်မြို့နယ် ဖရဲစံပြကျေးရွာ ဓမ္မရက္ခိတဘုန်းတော်ကြီးကျောင်း၌ အခြေခံစက်ချုပ်နည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးကျော်ဇင်ထွန်းက မိမိတို့၏ဦးစီးဌာနအနေဖြင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာစေခြင်းဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမည်ဟူသော မျှော်မှန်းချက်နှင့်အညီ ဆောင်ရွက်ရခြင်းဖြစ် ကြောင်းရှင်းလင်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထက်က ထူးချွန်လုပ်ငန်းထူထောင်သူများအား သင်တန်းဆင်းအမှာစကားပြေားခဲ့သည်။
ထို့နောက် တာဝန်ရှိသူတို့က သင်တန်းတွင် ထူးချွန်သင်တန်းသူများအား ဆုများအသီးသီးပေးအပ်ကြပြီး သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြား၍ အဆိုပါသင်တန်းအား သင်တန်းသူ(၁၅) ဦးတက်ရောက်ပြီး သင်တန်းကာလမှာ တစ်လကြာမြှင့်ခဲ့ကြောင်း သိရသည်။
လှမိုး (ပြန်/ဆက်)