ကလေး အောက်တိုဘာ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးမြို့တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားစေရန်အတွက် စာအုပ်စာပေလူ့မိတ်ဆွေနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို အမှတ်(၇) အခြေခံပညာ အထက်တန်းကျောင်း၌ ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကလေးမြို့ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတွာလ်ဆွင်းဗန်က စာအုပ်စာပေလူ့မိတ်ဆွေ၊ ဦးစီးအရာရှိ ဦးထွန်းမင်းအောင်က မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေး ဟောပြောခဲ့ကြသည်။
ထို့နောက် ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်း ပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲတို့အား တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး အဆိုပါအခမ်းအနားသို့ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၁၀၀ ကျော်တက်ရောက်ခဲ့ကြသည်။
ခရိုင်(ပြန်/ဆက်)