တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် ဆေးဝါးမှတ်ပုံတင်ခွင့်ပြုအမှတ် မပါရှိသော တရားမဝင် တင်သွင်းဖြန့်ဖြူးလျှက်ရှိသည့် ဆေးများရောင်းချခြင်းရှိ/မရှိ ကွင်းဆင်း စစ်ဆေး

တောင်တွင်းကြီး အောက်တိုဘာ ၂၀

အစားအသောက်နှင့် ဆေးဝါးကွပ်ကွဲရေးဦးစီးဌာနမှ (FDA)၏ ထောက်ခံချက်နှင့်အညီ တရားဝင်တင်သွင်း ရောင်းချလျှက်ရှိသော ဂျာမနီနိုင်ငံထုတ် Pabrinex IV/HV Injection အကြောအားဆေးအား ဈေးကွက်အတွင်း (Composition & Strength)ဗူးခွံ Design ဆင်တူဖြင့် တရားဝင်ဆေးဝါးမှတ်ပုံတင် ခွင့်ပြုအမှတ် DRC Noနှင့် Insert ပါရှိခြင်းမရှိသော Parbisure အမှတ်တံဆိပ်ပါ ဆေးဝါးများကို တရားမဝင် တင်သွင်းဖြန့်ချီလျှက်ရှိသည်ကို တွေ့ရှိရသဖြင့် မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် အဆိုပါ ဆေးရောင်းချခြင်းရှိ/မရှိကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့သည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာ နေဇော်အောင်၊ မြို့နယ် စာသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဒေါ်ဌေးဌေးနှင့် ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့က ပုဂ္ဂလိကဆေးရုံ၊ ဆေးဆိုင်များသို့ သွားရောက်၍ Pabrinex IV/HV Injectionဆေးဝါးနှင့် ဗူးခွံ Design ဆင်တူပြီး FDA ၏ထောက်ခံချက် DRC No နှင့် Insertပါရှိခြင်း မရှိသော Parbisure အမှတ်တံဆိပ်ဆေးဝါးများ ရောင်းချခြင်းရှိ/မရှိ၊ အခြားဆေးဝါးများတွင် FDA၏ ထောက်ခံချက် ပါမပါနှင့် သက်တန်းလွန်ဆေးများ ရောင်းချမှု ရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး အသိပညာပေး ပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)