ပခုက္ကူ အောက်တိုဘာ ၂၀
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်ရှိ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်အတွင်း အမျိုးသမီးငယ်များအား ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး(HPV) ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပခုက္ကူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးဌာနမှူး ဦးဆန်းမင်းအောင်၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဦးစီးအရာရှိ ဒေါ်တင်တင်ခိုင် ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး(Human Papillomavirus vaccine-HPV) ထိုးနှံခြင်းလုပ်ငန်းကို ပခုက္ကူမြို့ရှိ ဒေသန္တရ ကျန်းမာရေးဌာနခွဲ (၁)နှင့်(၂)တို့၌ ဆေးထိုးစုရပ် နှစ်နေရာခွဲ၍ ထိုးနှံပေးကြရာ အောက်တိုဘာလ ၁၆ရက်နေ့မှ အောက်တိုဘာ ၁၉ရက်နေ့အထိ အသက်(၉)နှစ်မှ (၁၂)နှစ်အတွင်း အမျိုးသမီးငယ်(၄၁၁)ဦးတို့အား ထိုးနှံပြီးစီးခဲ့ကြောင်း၊ မြို့နယ်အတွင်း ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံမည့် အမျိုးသမီးငယ် ရည်မှန်းဦးရေမှာ (၂၃၈၄)ဦးဖြစ်ပြီး လက်ရှိအချိန်ထိ ၁၇ ရာခိုင်နှုန်း လွှမ်းခြုံထိုးနှံပြီးနေပြီဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသူများကို အောက်တိုဘာလ၂၇ရက်အထိ ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ပြီး ကာကွယ်ဆေးထိုးနှံပြီးသူများနှင့် မိဘများကို ကျန်းမာရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရသည်။
ဘာမီသာ(ပခုက္ကူ)