အထက်မင်းလှ အောက်တိုဘာ ၂၀
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးလမ်းညွှန်များ လမ်းအမှတ်အသားများနှင့် အချက်ပြများစိုက်ထူဆောင်ရွက်ခြင်းကို မင်းလှ-မင်းဘူးလမ်း၊ မင်းလှ-သရက်လမ်းတို့တွင် ယနေ့နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းဆောင်ရွက်နေမှုအား မြို့နယ်ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့် အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးခဲ့သည်။
မင်းလှမြို့နယ်တွင် ခရီးသွားပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုနည်းဥပဒေများ(၂၀၂၂)ခုနှစ် လမ်းညွှန်ချက်များ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများအား လမ်းညွှန်ချက်တို့နှင့် အညီတစ်ပြေးညီဖြစ်စေရေးအတွက် မြို့နယ်လမ်းဦးစီးဌာနမှ မြေပြင်တွင်လက်တွေ့လိုက်နာ အကောင်အထည်ဖော် ပြုပြင်ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများဆောင်ရွက်နေမှုများကို မြို့နယ်ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)