အထက်မင်းလှ အောက်တိုဘာ ၂၀
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူကုန်ကူးမှုအန္တရာယ်အသိပညာပေးဟောပြောပွဲနှင့် မူလတန်းအဆင့်ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီက လူထုအခြေပြုဗဟိုဌာနCommunity Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာဇာငြိမ်းက လူကုန်ကူးမှုအန္တရာယ်အကြောင်း အသိပညာပေးဟောပြောခဲ့ပြီး ကလေးစစ်သားအသုံးမပြုရေး အသိပညာပေးနံရံကပ်စာစောင်၊ လူကုန်ကူးမှုအန္တရာယ်အသိပညာပေးနံရံကပ်စာစောင်များကို ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစ်စားလေ့လာကြည့်ရှုခဲ့ကြသည်။
ဆက်လက်၍ မူလတန်းအဆင့်ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပရာ မြို့နယ်ဦးစီးမှူးက ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပခဲ့ရာ မြောက်ရပ်အခြေခံပညာအလယ်တန်းကျောင်းမှ Grade-1ကျောင်းသား၊ ကျောင်းသူ (၂၀) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသည့်ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)