ခန္တီးမြို့နယ်တွင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ခန္တီး အောက်တိုဘာလ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းတည့် (၁၂)နာရီအချိန်က ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ခန္တီးခရိုင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးက နိုင်ငံမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ပတ်ဝန်းကျင်ကို အနည်းနဲ့အများ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်လာနိုင်ပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို လုပ်ဆောင်ရာမှာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအခန်းကဏ္ဍကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါကြောင်း၊ ပတ်ဝန်းကျင်ထိခိုက်မှုနှင့် လူမှုစီးပွားရေး၊ ကျန်းမာရေးထိခိုက်မှု အနည်းဆုံးနည်းလမ်းများဖြင့် ဆောင်ရွက်သွားကြဖို့နှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများကို အတတ်နိုင်ဆုံး လျှော့ချဖို့အတွက် လိုအပ်ပါကြောင်း စသည်ဖြင့် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန တာဝန်ခံအရာရှိ ဒေါ့ခိုင်ဝေမွန်က ပတမအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးပြီး ရှေ့ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် ဆုံးဖြတ်ချက်လုပ်ငန်းများကို ဆွေးနွေးခဲ့သည်။ ယင်းနောက် တက်ရောက်လာသူ ကော်မတီဝင်အသီးသီးက မိမိတို့ သိရှိလိုသည်များ၊ ပူးပေါင်းဆောင်ရွက်လိုသည့် လုပ်ငန်းများကို အသီးသီး ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ခရိုင်ပြန်/ဆက်