လပွတ္တာ အောက်တိုဘာ ၂၀
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ စက်မှုလက်မှုသင်တန်းကျောင်း (လပွတ္တာ)၌ ဆောက်လုပ်ရေးသင်တန်းအမှတ်စဉ်(၈)၊ လျှပ်စစ်သင်တန်းအမှတ်စဉ် (၁၅)၊ ဂဟေသင်တန်း အမှတ်စဉ်(၁၅)၊ မော်တော်ယာဉ်စက်ပြင်သင်တန်း အမှတ်စဉ် (၁၀)နှင့် လက်ကိုင်ဖုန်းပြင်သင်တန်း အမှတ်စဉ် (၁၂)သင်တန်း ဆင်းပွဲကို လပွတ္တာခရိုင် (၃)မိုင်မြို့သစ် စက်မှုလက်မှုပညာသင်တန်းကျောင်းခန်းမ၌ ယနေ့နံနက် (၉)နာရီအချိန်က ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးညွန့်က ဒေသတွင်းစက်မှု လက်မှုလုပ်ငန်းများ ထူထောင်ရာမှာ ကျွမ်းကျင်လုပ်သားများပေါ်ထွက်လာစေဖို့ သင်တန်းဆင်းပြီးသွားရင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ခြင်းဖြင့် စားဝတ်နေရေး ဘက်စုံတိုးတက်ပြီး လူနေမှုအဆင့် အတန်းမြင့်မားလာစေဖို့ မိမိဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပြန်လည်ဆောင်ရွက်ရန်ဆိုတဲ့ ရည်ရွယ်ချက်များနဲ့ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပါတယ်။ သင်ကြားပေးမယ့် သင်တန်းများအနေနဲ့ လျှပ်စစ်သင်တန်းမှာ အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်း၊ ရေခဲသေတ္တာနဲ့ Air-con ပြုပြင်ခြင်းဘာသာရပ်များ၊ ဂဟေသင်တန်းမှာဆိုရင်လျှပ်စစ်ဂဟေနဲ့ ဓါတ်ငွေ့ ဂဟေဘာသာရပ်များ၊ မော်တော်ယာဉ် စက်ပြင်သင်တန်းမှာဆိုရင် အင်ဂျင်ပိုင်း၊ ကိုယ်ထည်ပိုင်းနဲ့ မီးစနစ်ပိုင်းများ၊ လက်ကိုင်ဖုန်းပြင်သင်တန်းမှာ ဆိုရင် Hardware/ Software ပိုင်းများကို အခြေခံမှစ၍ ကျွမ်းကျင်စွာ ပြုပြင်နိုင်သည်အထိ သင်ကြားပေးခဲ့တာကိုလည်း တွေ့ရှိပါတယ်။
အဆိုပါသင်တန်းဆင်းပွဲတွင် သင်တန်းသား (၅၀)ဦး တက်ရောက်ပြီး သင်တန်းကာလမှာ (၂၂)ပတ်ကြာ ဖွင့်လှစ်၍ လက်တွေ့ခန်းသုံးပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းများလည်း ပြည့်စုံစွာ ထောက်ပံ့ပေးပြီး အခမဲ့ဖွင့်လှစ် သင်ကြားပေးခဲ့ကြောင်း သိရသည်။
လပွတ္တာပြန်/ဆက်