စစ်ကိုင်းမြို့တွင် လူမှုဖူလုံရေးအကျိုးခံစားခွင့် ဆိုင်ရာအသိပညာပေးဆွေးနွေး

စစ်ကိုင်း အောက်တိုဘာ ၂၀

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြညသူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဖူလုံရေးအဖွဲ့တို့ ပူးပေါင်း၍ ဌာနဆိုင်ရာဝန်ထမ်းများအား လူမှု ဖူလုံရေးအကျိုးခံစားခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ အောက်တိုဘာ(၂၀)ရက် နံနက်(၉)နာရီက  အဆိုပါရုံးရှိ (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်အောင်ထွေးက ဝန်ထမ်းများ လူမှုဖူလုံရေး အကျိုးခံစားခွင့်ဆိုင်ရာများ သိရှိစေရန် ဆွေးနွေးပွဲ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း အမှာစကားပြောကြားပြီး မြို့နယ်လူမှုဖူလုံရေးအဖွဲ့ ဦးစီးအရာရှိ ဒေါ်သူဇာဝင်းက “လူမှုဖူလုံရေးဥပဒေမှာဆိုရင် (၆)မျိုးရှိကြောင်း၊ လက်ရှိအာမခံစနစ်(၂)မျိုးကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိ ကြောင်း၊ အဲဒါကတော့ ကျန်းမာရေးနဲ့ လူမှုရေးစောင့်ရှောက်မှုရယ် အလုပ်တွင် ထိခိုက်မှု အကျိုးခံစားခွင့်ရယ်ဖြစ်ကြောင်း၊ ကျန်းမာရေးနဲ့ လူမှုစောင့်ရှောက်ရေးအာမခံစနစ်မှာဆိုရင် အလုပ်ရှင်ကနေပြီး လစာရဲ့(၂)ခိုင်နှုန်းနဲ့ အလုပ်သမားက(၂)ရာခိုင်နှုန်း ကောက်ခံကြောင်း၊ အခမဲ့ဆေးဝါးကုသမှုတွေပါမယ်၊ မမာမကျန်းမှု၊ မီးဖွားမှုတွေ မည်သည့်အကြောင်းကြောင့်မဆို သေဆုံးခဲ့ရင် နာရေးစရိတ်တွေ အလုပ်သမား ဆေးရုံသွားတဲ့ ဆေးဖိုးခရီးစရိတ်တွေ ပြန်လည်ထုတ်ပေးကြောင်း၊ အလုပ်ခွင် ထိခိုက်မှုအာမခံစနစ် မှာတော့ အလုပ်သမားက ထည့်ဝင်စရာ မလိုဘဲ အလုပ်ရှင်က လစာရဲ့ (၁)ရာခိုင်နှုန်း ထည့်ဝင်ပေးရကြောင်း၊ အဲဒီအောက်မှာဆိုရင် ယာယီမသန်စွမ်းမှု၊ အမြဲတမ်းမသန်စွမ်းမှုနဲ့ ကျန်ရစ်သူအကျိုးခံစားခွင့်ဆိုပြီး(၃)မျိုး ထုတ်ပေးလျက်ရှိကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ တက်ရောက်လာကြသည့် ဌာနဆိုင်ရာဝန်ထမ်းများက မိမိတို့သိရှိလိုသည်များနှင့် မရှင်း လင်းသည်များကို ဆွေးနွေးမေးမြန်းကြရာ လူမှုဖူလုံရေးအဖွဲ့ ဦးစီးအရာရှိက ပြန်လည်ရှင်းလင်း ဆွေးနွေး ပေးခဲ့ကြောင်း သိရသည်။

ဇော်မြင့်နိုင်