မုံရွာမြို့၌ တန်ဖိုးမြှင့်စားသောက်ကုန် (Bakery အမျိုးမျိုး) ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကျင်းပ

မုံရွာ အောက်တိုဘာ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဦးဆောင်ပြီး တိုင်းဒေသကြီးအတွင်း ခေတ်မီစံပြကျေးရွာဖော်ဆောင်၍ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးရေး စီးပွားရေးလုပ်ငန်းများပေါ်ထွန်းလာပြီး မိမိတို့ဒေသ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာ စေရန် ရည်ရွယ်ပြီး တန်ဖိုးမြှင့်စားသောက်ကုန် (Bakery အမျိုးမျိုး) ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါ ရုံးရှိ Incubation Centre သင်တန်း ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းမှပို့ချမည့် ဘာသာရပ်မျိုးစုံကို အတတ် လေ့လာသင်ယူသွားကြစေကြောင်း၊ ပြည်သူများအတွက် ထိထိရောရောက်အကျိုးရှိအသုံးချနိုင် အောင် ကြိုးစားသင်ယူပေးကြစေကြောင်း တိုက်တွန်းအမှာစကားပြောကြားပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဦးအောင်မောင်းက ခေတ်မီစံပြကျေးရွာဖော်ဆောင်၍ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးရေး ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းအတွက် သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများနှင့်အတူ အမှတ်တရစုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

အဆိုပါ တန်ဖိုးမြှင့်စားသောက်ကုန် (Bakery အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်းသည် စစ်ကိုင်းတိုင်းဒေသကြီး၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန တိုင်းရုံး၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဒေသထွက်ကုန်ကြမ်းပစ္စည်းများအပေါ် အခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်လာနိုင်ပြီး ဒေသတွင်းဈေးကွက်၌ အရည်အသွေးပြည့်မီသော ထုတ်ကုန်ပစ္စည်းများ အား ပြည်သူများအတွက် ရောင်းချနိုင်ခြင်းဖြင့် သွင်းကုန်အစားထိုးနိုင်ရန်၊ ကျေးလက်နေ ပြည်သူများ စီးပွားရေးအခွင့်အလမ်း ပိုမိုရရှိနိုင်ရန် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီး ပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေ တိုးရေးစီမံကိန်း(၁)ခုဖြစ်ပြီး မုံရွာမြို့ ရွာတုံကျေးရွာမှ သင်တန်းသား၊ သင်တန်းသူ(၁၀)ဦးအား သင်တန်းနည်းပြဆရာ၊ ဆရာမများက နံကထိုင်အမျိုးမျိုး၊ လျှာပေါ်ဝဲအမျိုးမျိုး၊ နှမ်းကပ်ကွတ်ကီးအမျိုးမျိုး၊ နှမ်းကပ်ပေါင်မုန့်၊ ကြက်ဥထောပတ် ပေါင်မုန့်၊ ကြက်ဥပူတင်း စသည့် ထုတ်လုပ်မှုနည်းပညာ(၂၀)မျိုးအား သင်တန်းကာလ အောက်တိုဘာ (၂၀)ရက်နေ့မှ(၂၆)ရက်နေ့အထိ ရက်သတ္တတစ်ပတ်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းနှင့်  ထူးချွန်သင်တန်းသား(၅)ဦး ရွေးချယ်၍ လိုအပ်သော စက်ပစ္စည်းများနှင့် လုပ်ငန်းသုံးပစ္စည်းများကို ထောက်ပံ့ပေးပြီး ကုန်ထုတ်လုပ်ငန်းရှင်များ ဖြစ်လာသည်အထိ ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

ခရိုင်(ပြန်/ဆက်)