ဟုမ္မလင်း အောက်တိုဘာ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ ပြည်သူ့ကျန်းမာရေးဉီးစီးဌာ ကုသခန့်မဆောင်တွင် သက်ကြီးဘိုးဘွားစောင့်ရှောက်မှုဆောင်ရွက်ပေးခြင်း ကို ယနေ့ နံနက်ပိုင်း ၉ နာရီမှ (၁၂)အထိ အပတ်စဉ် သောကြာနေ့တိုင်း ဆောင်ရွက်မှုပေးလျက်ရှိကြောင်း သိရသည်။
သက်ကြီးဘိုးဘွားများ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကုသမှုဆောင်ရွက်ပေးခြင်းကို ဟုမ္မလင်း ခုတင် (၁၀၀)ဆံ့ရုံး ဆေးရုံအုပ်ကြီး ဒေါက်တာ ရန်နိုင်ဆွေ၊ အရိုးအထူးကူးဆရာဝန် ဒေါက်တာ မင်းဇော်အောင်၊ ဒေါက်တာ နန်းဝင်းအောင်နှင့် ဆရာ/ ဆရာမများက သက်ကြီးရွယ်အိုများအား ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်း၊ မကူးစက်ခင် ရောဂါကြိုတင်ကာကွယ်ရေး၊ နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချို၊ ရောဂါအခံရှိသူ သက်ကြီးဘိုးဘွားများ စုစုပေါင်း (၁၇၅) ဦးအား အခမဲ့စောင့်ရှောက် ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သက်ကြီးဘိုးဘွားကျန်းမာရေးစောင့်ရှောက်မှု အစီအစဥ်တွင် ကျန်းမာရေးစစ်ဆေးမှုမခံယူမီ သက်ကြီးဘိုးဘွားများအား ကိုယ်ကာယ ကျန်းမာကြံခိုင်စေရေးအတွက် ဦးတင်မောင်ဝင်း (HA1) က ဦးဆောင်လေ့ကျင့်ပေးခဲ့ကြောင်းနှင့် အာဟာရဒါနအနေဖြင့် ကြက်သားဆန်ပြုတ် တိုက်ကျွေးခဲ့ကြောင်း သိရသည်။
ဟုမ္မလင်း ပြန်/ဆက်