ဒိုက်ဦးမြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ

ဒိုက်ဦး အောက်တိုဘာ ၂၀

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ဒိုက်ဦးမြို့နယ်၊ ရှမ်းစုကျေးရွာအုပ်စု၊ ရှမ်းစုကျေးရွာ၊ ကွင်းအမှတ် (၄၄၈ ဃ)၊ ဖောင်တော်သီကွင်း၊ ဦးပိုင်အမှတ် (၁/၁)၊ တောင်သူ ဦးသန်းထွန်း စိုက်ပျိုးထားသည့်ဆင်းသုခ စပါးမျိုးသန့်စိုက်ခင်းအား မြို့နယ်ကိုယ်စားပြုမိုးစပါး စံကွက်ရိတ်သိမ်းခြင်းအခမ်းအနားကို ယမန်နေ့တွင်ကျင်းပခဲ့သည်။

အခမ်းအနားကို မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးဝေယံကျော်နှင့် မြို့နယ်စိုက်ပျိုးကြီးကြပ်မှု အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တောင်သူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဆင်းသုခစပါးမျိုးသန့်စိုက်ခင်းအား မိုးစပါးစံကွက်ရိတ်သိမ်းရာ အစိုအထွက်တင်း (၁၂၄.၅၄) တင်း ၊ အခြောက် (၁၁၂.၀၈) တင်းထွက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)