လိပ်သို အောက်တိုဘာ ၁၉
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသ၏ အဓိကစိုက်ပျိုးရေး ထွက်ကုန်သီးနှံတစ်မျိုးဖြစ်သော ချဉ်ပေါင်ဖာလာ အခွံအုပ်အခြောက်များ ဈေးကောင်းရရှိနေသည့်အတွက် တောင်သူများ ဝမ်းမြောက်လျက်ရှိသည်။
ယမန်နှစ်က ချဉ်ပေါင်ဖာလာအခွံအုပ် အခြောက်တစ်ပိဿာကို ကျပ် ၇၅၀ဝိ/-သာ ဈေးရရှိခဲ့သော်လည်း ယခုနှစ်တွင် ချဉ်ပေါင်ဖာလာတစ်ပိဿာကို ကျပ် ၁၅၀၀ဝိ/- ရရှိပြီး ထက်ဝက်ခန့် ဈေးကောင်းရရှိလျက်ရှိသည်။
ချဉ်ပေါင်ဖာလာများကို ဈေးကောင်းမရမီ ရောင်းချခဲ့ကြသည့်တောင်သူများ ရှိသကဲ့သို့ ဈေးဆက်လက်မြင့်တက်ချိန်ကို စောင့်ကြည့်ရောင်းချနိုင်ရန် သိုလှောင်ထားသူများလည်း ရှိကြောင်း၊ ယခုနှစ်တွင် ချဉ်ပေါင်ဖာလာများ ဈေးကောင်းရရှိသည့် တောင်သူများ ဝမ်းသာပျော်ရွှင်လျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)