ထန်ပါခွေ အောက်တိုဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာနှစ်၊ လဟယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) အစီအစဉ်ဖြင့် ဆောင်ရွက်သော ဆိုင်ကယ်လမ်း ဖောက်လုပ်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။
အဆိုပါလမ်းအား ထန်ပါခွေမြို့မှ လယ်ယာစပါးကွက်အထိ ဆိုင်ကယ်လမ်းဖောက်လုပ် ခြင်းဖြစ်ပြီး လမ်းဧရိယာလုပ်ငန်းအတိုင်းအတာမှာ (၆/၀)မိုင်×၆ပေ ဖြစ်ကာ (VDP) ထောက်ပံ့ငွေ ကျပ်သန်း (၁၅.၀၀)ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းဆိုင်ကယ်လမ်းဖောက်လုပ်ခြင်းအားဖြင့် ဒေသခံတောင်သူများ သီးနှံစိုက်ပျိုးထုတ်လုပ် ရာတွင်အဆင်ပြေသွားပြီဖြစ်ကြောင်း၊ ယခင်က လမ်းပန်းဆက်သွယ်ရေး အဆင်မပြေမှုများကြောင့် ရွှေ့ပြောင်းတောင်ယာများတွင် ဒေသထွက်သီးနှံများကို စိုက်ပျိုးနေရကြောင်း၊ ယခုအခါ ရာသီမရွေး သွားရေးလာရေးအဆင်ပြေပြီး စပါးနှင့် သီးနှံစိုက်ပျိုးရေးထုတ်လုပ်ရာတွင် များစွာ အထောက်အကူဖြစ်ကြောင်း ဒေသခံတောင်သူ ဦးဟန်ကြည်၏ ပြောပြချက်အရ သိရသည်။
ထန်ပါခွေ(ပြန်/ဆက်)