ကဝ အောက်တိုဘာ ၁၉
ကဝမြို့နယ်အတွင်း ရေကြီးနစ်မြုပ်ခဲ့သည့် မိုးစပါးစိုက်ခင်းများအား လေလွင့်ပျက်စီးဆုံးရှုံးမှု သက်သာစေရေးအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ စီမံဆောင်ရွက်ပေးမှုဖြင့် ရိတ်သိမ်းခြွေလှေ့စက်(၅)စီးဖြင့် ကျေးရွာများအရောက် လိုက်လံရိတ်သိမ်းပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ထိုသို့ ရိတ်သိမ်းခြွေလှေ့စက်များဖြင့် ရိတ်သိမ်းဆောင်ရွက်ရာတွင် အခက်အခဲမရှိစေရေးအတွက် ကဝမြို့နယ်စိုက်ညှိအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်အဖွဲ့ဝင်များမှ ကွင်းဆင်းကူညီဆောင်ရွက်ပေးမှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)