ပုလောမြို့နယ်တွင် (HPV ) ကာကွယ် ဆေးကို ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် စတင်ထည့်သွင်း ထိုးနှံခြင်း ဖွင့်ပွဲ ကျင်းပ

ပုလော   အောက်တိုဘာလ    ၂၁

ပုလောမြို့နယ်တွင်  (HPV ) ကာကွယ် ဆေးကို ပုံမှန်ကာကွယ် ဆေးထိုးအစီအစဉ်တွင် စတင် ထည့်သွင်းထိုးနှံခြင်း ဖွင့်ပွဲကို ယနေ့ မွန်းလွဲ (၁)နာရီက ပုလောမြို့ မိခင်နှင့်ကလေး ကျန်းမာရေး ဌာနတွင်  ပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ မြို့နယ် ပြည်သူ့ကျန်းမာရေးမှူး ဒေါက်တာပြုံးချိုက (HPV ) ကာကွယ် ဆေးကို ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် စတင်ထည့်သွင်းထိုးနှံရာတွင် ကျန်းမာရေး ၀န်ထမ်းများနှင့်အတူ လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်း၍ စနစ်တကျ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဆေးထိုးနှံ့ခြင်း ကို စတင်ခဲ့သည်။
ပုလောမြို့နယ် တွင် (HPV ) ကာကွယ် ဆေးကို အော်ကတိုဘာလ ၂၀ ရက်နေ့ မွန်းလွဲပိုင်းမှ စတင် ထိုးနှံလျက်ရှိပြီး၊ အသက် ၉ နှစ်မှ ၁၀ နှစ်အကြား အမျိုးသမီးငယ်များအား (HPV ) ကာကွယ် ဆေးကို ထိုးနှံခြင်းဖြင့် Human Papilloma Virus ဟုခေါ်သည့် (HPV) ပိုးကြောင့် ဖြစ်တတ်သည့် သားအိမ်ခေါင်းကင်ဆာနှင့် မျိုးပွားလမ်း ကြောင်းတွင် ဖြစ်ပွားတတ်သည့် ကင်ဆာရောဂါများကို ကာကွယ် ပေးနိုင်ကြောင်းနှင့်  သားအိမ်ခေါင်းကင်ဆာ အာလုံးနီးပါးသည် (HPV ) ပိုးကြောင်း ဖြစ်ကြောင်း သိရသည်။
အေးအေးမော် (ပုလော ပြန်/ဆက်)