ပြည် အောက်တိုဘာ ၁၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက သစ်လွင်သူနာပြုအလုပ်ခန့်အပ်လွှာအပ်နှင်းပွဲကျင်းပရာ ရှေးဦးစွာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက Video Conferencing ဖြင့် အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ငြိမ်းငြိမ်းအေးက သင်တန်းဆင်းသူနာပြု(၁၂၂)ဦးအား အမှာစကားပြောကြားပြီး သစ်လွင်သူနာပြုအလုပ်ခန့်အပ်လွှာများပေးအပ်သည်။
ထို့နောက် သင်တန်းဆင်းသူနာပြုများကိုယ်စား သစ်လွင်သူနာပြုတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ယင်းအခမ်းအနားသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်နှင့်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ ပြည်ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီးနှင့် အဆိုပါသင်တန်းကျောင်းမှ တာဝန်ရှိသူ ဆရာ/ဆရာမများနှင့် သင်တန်းဆင်းသူနာပြုမောင်မယ်များ တက်ရာက်ကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)