ကန့်ဘလူမြို့တွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်

ကန့်ဘလူ အောက်တိုဘာ ၁၉                       

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် "ချင့်ချိန်နှိုင်းဆရခြင်းသဘော" ဆောင်းပါးဖြင့် ၀န်ထမ်းများ စုပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။                

စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က စာဖတ်ဝိုင်းပြုလုပ်ရခြင်းနှင့် စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားပြီး ဘဝတိုးတက်အောင်မြင်အောင်နှင့် လုပ်ငန်းခွင် နယ်ပယ်တွင်လည်း စာဖတ်ခြင်းကြောင့် ဘယ်အရာမဆို ချင့်ချိန်၍ လုပ်ငန်းများ တိုးတက်အောင်မြင်အောင် ဆောင်ရွက်ဖို့လိုအပ်ကြောင်း ရှင်းလင်းပြောကြားသည်။                          

ဆက်လက်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပရာတွင် "ချင့်ချိန်နှိုင်းဆရခြင်းသဘော" ဆောင်းပါးမှ ကမ္ဘာကြီးကို အစစအရာရာ ခြယ်လှယ်စိုးမိုးသူလူများအဖို့ လူအချင်းချင်း ဉာဏ်ရည်ဉာဏ်သွေး အနိမ့်အမြင့် မတူညီကြကြောင်း ဆရာက တန်းတူပညာသင်ကြားပို့ချသော်လည်း ကြိုးစားအားထုတ်သူကသာ ရမှတ်ကောင်းပြီး ရလဒ်ကောင်းများ ခံစားကြရကြောင်း၊ လုပ်ငန်းလုပ်ရာတွင်လည်း မိမိကိုယ်တိုင် ကြိုးစားအားထုတ်မှု၏ အကျိူးကျေးဇူးကို ခံစားရမည်ဖြစ်ကြောင်း၊ ဒေါ်ကြည်ဆန်းက ခေါင်းဆောင်တစ်ဦးသည် အခြေအနေအမျိူးမျိုး၏ ဖိစီးမှုဒဏ်ကိုခံလျက် မှန်ကန်သော ဆုံးဖြတ်ချက်ကို ရွေးချယ်၍ ဘက်လိုက်မှုကင်းစွာဖြင့် လုပ်ကိုင်ရမည်ဖြစ်ကြောင်း၊ ဒေါ်လဲ့လဲ့ဝင်းမောင်က "သဒိသံပါကံဇနေတိ" ဆိုသကဲ့သို့ ကိုယ်ပြုသည့်ကံ ပဲ့တင်သံကိုယ့်ထံပြန်လာမည်ဖြစ်၍ ကံ၊ ဉာဏ်၊ ဝိရိယဟူသော အချက်သုံးချက်ကို မူတည်၍ လက်ရှိဘဝတွင် သူ့ဘက်ကိုယ့်ဘက် မျှတစွာ ဆက်ဆံနေထိုင်သင့်ကြောင်းတို့ကို  အသီးသီး ဆွေးနွေးကြသည်။

အောင်၀င်းငြိမ်း(ကန်ဘလူ)