မင်းလှမြို့တွင် ပန်းတိုင်အထွက်တိုးရရှိစေရန်ဆောင်းသီနှံစိုက်တောင်သူများအား မျိုးစေ့များထောက်ပံ့ပေးအပ်

မင်းလှ အောက်တိုဘာ ၁၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်၊ နိုင်ငံစီးပွားမြှင့်တင်ရေးစီမံကိန်းဖြင့် ဆောင်းသီးနှံပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်ရေးအတွက် ဆောင်းသီနှံစိုက်တောင်သူများအား မျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။

မင်းလှမြို့နယ်အတွင်း ယခုနှစ်ဆောင်းရာသီတွင် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ ၁၀၈၉ ဧက၊ နှမ်း ၅၅၆ ဧကနှင့် နေကြာ ၉၃၅ ဧကတို့ကိုစိုက်ပျိုးရန်လျာထား ဆောင်ရွက်သွားမည်ဖြစ်ပြီး မတ်ပဲ ၈၄၁၀၀ ဧကနှင့် ပဲတီစိမ်း ၂၁၈၉ ဧကတို့အား စိုက်ပျိုးသွားရန်လျာထားဆောင်ရွက်လျက်ရှိသည်။

အဆိုပါသီးနှံများပန်းတိုင်အထွက်တိုးရရှိစေရေး အထွက်နှုန်းကောင်းမွန်သောမျိုးကောင်းမျိုးသန့်များ တောင်သူများလက်ဝယ်ရောက်ရှိရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးဦးထွန်းထွန်းအောင်တို့က တောင်သူများအား မျိုးကောင်းမျိုးသန့်များထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)