စလင်းမြို့နယ်အတွင်းရှိ ဆေးဆိုင်များ စျေးကွက်အတွင်း အမည်တူတရားမဝင်ကုန်ပစ္စည်းများကို ရောင်းချခြင်းရှိ/ မရှိတာဝန်ရှိသူများမှကွင်းဆင်းစစ်ဆေး

စလင်း အောက်တိုဘာ ၁၉

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် စီးပွးရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားမှုဖြင့် ယမန်နေ့နံနက် ၁၀ နာရီ၁၅အချိန်က ဆေးဝါးမှတ်ပုံတင် ခွင့်ပြုအမှတ်မပါရှိသော တရားမဝင်ကုန်ပစ္စည်းကို ရောင်းချခြင်းရှိ/မရှိ တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စလင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆန်းလင်းမောင် ဦးဆောင်ကြီးကြပ်၍၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများပူးပေါင်းအဖွဲ့က ဆေးဝါးမှတ်ပုံတင်ခွင့်ပြုအမှတ်မပါရှိသော တရားမဝင်တင်သွင်းဖြန့်ချီလျက်ရှိသည့် (Parbisure)အမှတ်တံဆိပ် (IV/HV.Lnjection) အကြောအားဆေးအား စျေးကွက်အတွင်း(Composition & Strength)ဘူးခွံ Designဆင်တူဖြင့် တရားဝင်ဆေးဝါးမှတ်ပုံတင်ခွင့်ပြုအမှတ် DRC No.နှင့်In Sertပါရှိခြင်းမရှိသော Parbisure အမှတ်တံဆိပ်ပါဆေးဝါးများကို တရားမဝင်တင်သွင်းဖြန့်ချီလျက်ရှိသည်ကို အကြိမ်ကြိမ်တွေ့ရှိရကြောင်းနှင့် ကလောမြို့ရှိ (စွမ်း) ဆေးဆိုင်တွင် ရောင်းချနေသည်ကို တွေ့ရှိရ၍ လိုအပ်သလို ဆောင်ရွက်နိုင်ရန် ညွှန်ကြားသဖြင့် စလင်းမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် ရောင်းချခြင်းရှိ/ မရှိကွင်းဆင်းစစ်ဆေးရခြင်းဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံဦးဆန်းလင်းမောင်မှ စျေးကွက်အတွင်း မရောင်းချရန် ဆေးရောင်းချသူပိုင်ရှင်များနှင့် ဝန်ထမ်းများအား ဆွေးနွေးအသိပညာပေးခဲ့ကြောင်း သိရသည်။

(မောင်လွင်)