မိုးညိုမြို့နယ်၌ အယ်နီညိုရာသီဥတုဖြစ်ပေါ်မှုကြောင့် ငါးမွေးမြူရေးကဏ္ဍအပေါ် သက်ရောက်နိုင်မှုများ အသိပညာပေးဟောပြောပွဲကွင်းဆင်းဆောင်ရွက်

မိုးညို အောက်တိုဘာ ၁၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ရေကင်း‌အုပ်စု၊ ပုရွက်ဆိတ်ကျေးရွာတွင် ငါးမွေးတောင်သူများနှင့် ရေလုပ်သားများအား အယ်နီညိုရာသီဥတုဖြစ်ပေါ်မှုကြောင့် ငါးမွေးမြူရေးကဏ္ဍအပေါ် သက်ရောက်နိုင်မှုများအား ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဒေါ်ရတနာကြူက အယ်နီညိုရာသီဥတု ဖြစ်ပေါ်မှုကြောင့် ငါးမွေးမြူရေးကဏ္ဍအပေါ် သက်ရောက်နိုင်မှုများအား ကြိုတင်ကာကွယ်နိုင်ရန်အချက်များ၊ ဖြစ်ပွားချိန်တွင် လုပ်ကိုင်ဆောင်ရွက်ရမည့်အချက်များနှင့် ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေးဟောပြောခဲ့ပြီး ငါးမွေးမြူရေးကန်များ အပူချိန်ပြင်းထန်လွန်ကဲမှုဒဏ်မှကြိုတင်ကာကွယ်ရေးနှိုးဆော်ချက်များပါဝင်သည့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပြီး ဟောပြောပွဲသို့ ငါးမွေးတောင်သူများနှင့် ရေလုပ်သားများတက်ရောက်ခဲ့ကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)