တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်ခိုင်ချိုနှင့်အဖွဲ့ နတ်တလင်းခရိုင်အဆင့်ဌာနဆိုင်ရာများနှင့်တွေ့ဆုံ

နတ်တလင်း အောက်တိုဘာ ၁၉

တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်ခိုင်ချိုနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဒုဗိုလ်မှူးကြီး မင်းနိုင်စိုး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မောင်မောင်အောင်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦး၊ နတ်တလင်းခရိုင်အတွင်းရှိ မြို့နယ်(၄)မြို့နယ်မှ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)များနှင့် တွေ့ဆုံပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီက ပြုလုပ်ခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲပြုလုပ်ရာ ဗိုလ်မှူးချုပ်အောင်ခိုင်ချိုက နယ်မြေလုံခြုံဆောင်ရွက်ရန် ကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေး​ဆောင်ရွက်ရန်ကိစ္စများ၊ ဆေးရုံသစ်တည်ဆောက်ထားမှုနှင့်ပတ်သက်၍ သိရှိလိုသည်များမေးမြန်းရာ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနိုင်မှ ပြန်လည်ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)