ထန်းတပင် (ပဲခူး) အောက်တိုဘာ ၂၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း ပင်လုံခန်းမ ၌ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များနှင့် ဝန်ထမ်းများက ယနေ့ နံနက် ၉ နာရီမှစတင်၍ ဆန္ဒမဲလက်မှတ်များကို ဖွင့်ဖောက်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပေးပို့လာသည့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရမည့် မဲဆန္ဒနယ်အလိုက် လက်မှတ်များအား ရရှိမည့်အရေ အတွက်အတိုင်း ပြည့်/မပြည့် စွန်းထင်းစုတ်ပြဲ ဆန္ဒမဲလက်မှတ်များ ပါဝင်မှုရှိ/မရှိ သတ်မှတ်မဲဆန္ဒမဲ လက်မှတ် ဟုတ်/မဟုတ် ပါဝင်ရမည့် ကိုယ်စားလှယ်လောင်းအရေ အတွက် မှန်/မမှန် နှင့် ကိုယ်စားလှယ်လောင်းများ၏ အမည်၊ အသုံးပြုသင်္ကေတ (Logo)များ မှန်ကန်မှု ရှိ/မရှိ တို့အား ဖွင့်ဖောက်စစ်ဆေးခြင်းလုပ်ငန်းများကို စီစစ်ဆောင်ရွက် လျက်ရှိသည်။
အဆိုပါ ဆန္ဒမဲလက်မှတ်များစစ်ဆေးရာတွင် ပြည်သူ့လွှတ်တော်ဆန္ဒမဲလက်မှတ် (၂၁၈၀)အုပ် အမျိုး သားလွှတ်တော် ဆန္ဒမဲလက်မှတ်(၂၁၇၉)အုပ်၊ တိုင်းဒေသကြီး(၁)မဲဆန္ဒနယ်လက်မှတ် (၁၀၈၅)အုပ်၊ တိုင်းဒေသကြီး(၂)မဲဆန္ဒနယ် လက်မှတ် (၁၀၇၃)အုပ်၊ ကရင်တိုင်းရင်းသားမဲဆန္ဒနယ် လက်မှတ် (၁၉၉)အုပ်တို့အား စစ်ဆေးလျက်ရှိရာ အောက်တိုဘာ (၂၁) ရက်နေ့တွင် အပြီး စစ်ဆေးသွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့ရုံးမှ သိရသည်။
မြို့နယ် ပြန်/ဆက်