မြဝတီ အောက်တိုဘာ ၂၁
ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ်(၃) ရပ်ကွက်ကုန်းမြင့်သာ ယာအပိုင်းရှိ ဝိဒူရလမ်း၊ ဝေဘာဂီ လမ်းနှင့် ခေမာသီလမ်းတို့တွင် နေထိုင်ကြသည့် အခြေခံလူတန်းစား မိသားစုများအတွက် မြဝတီမြို့ အာရှလမ်းမကြီးဘေးရှိ ရာမာဉ်စားသောက်ဆိုင်မှ အလှူရှင်ဦးရန်နိုင်နှင့် ဒေါ်သန္တာမြင့်တို့က လှူဒါန်းခြင်းဖြစ်သည်။
အဆိုပါ လှုဒါန်းမှုအား အလှူရှင်ကိုယ်စား မြဝတီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စုစုသွယ်နှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံ စာကြည်တိုက်များ ဖောင်ဒေးရှင်း ကရင်ပြည်နယ် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဦးတို့က မြဝတီမြို့ အမှတ်(၃) ရပ်ကွက် ကုန်းမြင့်သာယာအပိုင်းရှိ ဝိဒူရလမ်း၊ ဝေဘာဂီလမ်းနှင့် ခေမာသီလမ်းတို့တွင် နေထိုင်ကြသည့် အိမ်ထောင်စု ၆၅ စုအတွက် အိမ်ထောင်တစ်စုလျှင် ဆန် (၅) ပြည်နှုန်းဖြင့် ယမန်နေ့ ညနေ ၄ နာရီအချိန်က သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
မန်းသန်းရွှေမြင့်