နတ်မောက် အောက်တိုဘာ ၁၉
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် အခြေခံပညာအလယ်တန်းကျောင်း(တမာပင်)၌ ယနေ့နံနက် (၉)နာရီ အချိန်က လူငယ်ရေးရာဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။
အဆိုပါ လူငယ်ရေးရာဟောပြောပွဲတွင် ဒေါ်မူမူစန်း(ရုပ်/သံ-၃)က လူငယ်နှင့် ရည်ရွယ်ချက် ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် ယနေ့ လူငယ်နောင်ဝယ်လူကြီးဖြစ်လာမည့် အနာဂတ်မျိုးဆက်သစ်များအနေဖြင့် အသိဉာဏ်ပညာကိုဖြစ်စေမည့် စာအုပ်စာပေ၊ လောကဗဟုသုတများကို လေ့လာသင်ယူကြစေလိုကြောင်း၊ လူငယ်များအတွက် ပညာရေးဟာ အဓိက ရည်းမှန်းချက်ဖြစ်ပါကြောင်း၊ လောကနီတိမှာ လူတစ်ယောက်၏ ဘဝကို (၃)ပိုင်းခွဲခြားထားပြီး ပထမအရွယ်မှာ ပညာရှာ၊ ဒုတိယအရွယ်မှာ ဥစ္စာရှာ၊ တတိယအရွယ်မှာ တရားဘာဝနာရှာဆိုပြီး ညွန်းထားတာကြောင့် ပထမအရွယ်ဖြစ်သော သားတို့သမီးတို့အနေဖြင့် ပညာကို ကြိုးစားသင်ယူစေချင်ပါကြောင်းနှင့် မိမိရည်မှန်းထားသော ဘဝများပိုင်ဆိုင်ရန်အတွက် ကျောင်းစာကို သင်ယူနေကြပြီး ပြင်ပဗဟုသုတများကို လေ့လာစေချင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ ဒေါ်ဖြိုးအိအိဇော် (အငယ်တန်းစာရေး)က “စာဖတ်ကြပါစို့” ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် “စာအုပ်စာပေ လူ့မိတ်ဆွေ”ဆိုသည့်အတိုင်း စာအုပ်များသည့် လူသားတိုင်းအတွက် အဖော်မွန်ကောင်းဖြစ်သောကြောင့် ကျောင်းသား/သူများအနေဖြင့် ကျောင်းစာအပြင် ဗဟုသုတရဖွယ် စာအုပ်များ လေ့လာဖတ်ရှုသင့်ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် ပြသထားသော လူငယ်အသိပညာပေးနံရံကပ်စာစောင်များအား ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
လှဝင်း