နတ်မောက်မြို့နယ်တွင် မနောသုခစံကွက်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

နတ်မောက် အောက်တိုဘာ ၁၉

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသခံတောင်သူများ ဝမ်းစာဖူလုံရေးအတွက် အထွက်နှုန်းကောင်း မျိုးကောင်းမျိူးသန့်များကို စိုက်ပျိုးပေးလျက်ရှိရာ မနောသုခစပါးစံကွက်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

 မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မိုးစပါးများကိုစိုက်ပျိုးရာတွင် စံကွက်များ၊ စမ်းသပ်ကွက်များသတ်မှတ်၍ စိုက်ပျိုးလျက်ရှိပြီး တောင်သူများ မိုးစပါးစိုက်ပျိုးရာသီတွင် သီးနှံများအောင်မြင်ဖြစ်ထွန်းရေး လိုအပ်သော စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ၊ သွင်းအားစုပစ္စည်းများ၊ သီးနှံမျိုးစေ့များ ကူညီထောက်ပံ့ပေးခြင်း ဆောင်ရွက်လျက်ရှိပြီး ပိုးမွှားရောဂါများ ကျရောက်မှုမရှိစေရေး ကြိုတင်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများကို သက်ဆိုင်ရာဌာနများ၊ ဒေသခံတောင်သူများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိ သည်။

အဆိုပါမိုးစပါးများကို နတ်မောက်မြို့နယ်တွင် ဇူလိုင်လဆန်းပိုင်းမှာစတင်စိုက်ပျိုးပြီး နိူဝင်ဘာလ နောက်ဆုံးပတ်တွင် စတင်ရိတ်သိမ်းမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချို့ထံက သိရသည်။

မူမူစန်း