ဟိုင်းကြီးကျွန်း အောက်တိုဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ဒေသခံပြည်သူများ စားဝတ်နေရေး သက်သာချောင်ချိရေးအတွက် အခြေခံစားသောက်ကုန်ပစ္စည်းများ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချခြင်းကို ယမန်နေ့နံနက်(၀၉း၀၀)နာရီ အချိန်တွင် ဟိုင်းကြီးကျွန်းမြို့ အမှတ်(၃) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအရှေ့၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချရာတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းစံဦးဆောင်သော ဝန်ထမ်းများနှင့် မြို့အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ ဒေသခံပြည်သူများ စားဝတ်နေရေး သက်သာချောင်ချိရေးအတွက် ဝက်သား(၁)ပိဿာလျှင် ၁၁၀၀၀ နှုန်းဖြင့် (၁၀)ပိဿာ၊ ဆီ(၁)ပိဿာလျှင် ၅၀၀၀ ကျပ်နှုန်းဖြင့် (၁၀)ပိဿာ၊ ဆန်(၁)ပြည်လျှင် (၂၅၀၀)ကျပ်နှုန်းဖြင့် (၄၈ပြည်)၊ ငါးတစ်ပိဿာလျှင် (၇၀၀၀)ကျပ်နှုန်းဖြင့် (၃၀)ပိဿာနှင့် ကြက်ဥ(၁)လုံးလျှင် ၂၀၀ ကျပ်နှုန်းဖြင့် (၃၀၀) လုံးတို့အား စျေးနှုန်းများလျော့၍ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ဒေသခံပြည်သူများအနေဖြင့် သန့်ရှင်းလတ်ဆတ်သော ဟင်းသီးဟင်းရွက်များကို စားသုံးရခြင်းကြောင့် ကောင်းမွန်သော ကျန်းမာရေးအကျိုးကျေးဇူးများကို ပိုမိုခံစားရရှိကြပြီး စျေးနှုန်းသက်သာစွာ ဝယ်ယူရရှိသည့်အတွက် ကုန်ကျစရိတ်လည်း များစွာသက်သာလျက်ရှိကြောင်း သိရသည်။
လှိုင်မျိုးအောင်